Wednesday, July 9, 2014

မြန်မာမဟာ မင်္ဂလာမင်းခမ်းတော်



မြန်မာမဟာ မင်္ဂလာမင်းခမ်းတော်

ရေးသားသူ-စာရေးတော်ကြီး ဦးရာကျော်
စာမူခွင့်ပြုချက်အမှတ် (၃၁ဝဝ၇၂၁ဝဝ၇)
မျက်နှာဖုံးခွင့်ပြုချက်အမှတ် (၃၁ဝဝ၆၉ဝ၉ဝ၈)
ပထမအကြိမ်-(၁၉ဝ၅)မြန်မာ့တာရာသတင်းစာ ပုံနှိပ်တိုက်၊ မန္တလေး။
ဒုတိယအကြိမ်-(၁၉၆၈) အေးစာပေတိုက်။
တတိယအကြိမ်-(၂ဝဝ၉) ရာပြည့်စာပေ။ ၂ဝဝ၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ။
အုပ်ရေ-၅ဝဝ
စာမျက်နှာပေါင်း-၂၁၆ နှင့် နောက်တိုးမူရင်းရှေးဟောင်းစာအုပ်စာမျက်နှာပေါင်း ၃၄။
စာအုပ်တန်ဖိုး-၃ဝဝဝ ကျပ်
စာအုပ်အရွယ်အစား-5"x8.1"

မျက်နှာဖုံးနှင့်အတွင်းစာသား ပုံနှိပ်သူ-ဒေါ်ခင်အေးမြင့်(ဝ၅၉ဝ၁)၊ ရာပြည့်အော့ဖ်ဆက်၊ အမှတ် ၁၈၁၊ လမ်း ၅ဝ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ထုတ်ဝေသူ-ဒေါ်ခင်အေးမြင့်(ဝ၃၈ဝ၁)၊ ရာပြည့်စာပေ၊ အမှတ် ၃၈၊ ၁ဝ၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့။
အတွင်းဖလင်-အေဇက်။
မျက်နှာဖုံးပန်းချီ-လင်းဝဏ္ဏ ဒီဇိုင်းဖွဲ့သည်။

(ဤစာအုပ်တွင် ပါဝင်သောအကြောင်းအရာများ)

မာတိကာစဉ်

-အမှာစာ

-နိဒါန်း

၁။ သာသနာတော်ကျမ်း၊ လောကီကျမ်းအထောက်အထား၊ ထီးဆောင်းမင်္ဂလာ မဟာဥကင်တော်ဖွင့်၊ ရာဇာ ဘိသေက ဗုဒ္ဓါဘိသိက်စာတမ်းများနှင့်အညီ သာလွန်မင်းတရားကြီး ရာဇာဘိသေက ဗုဒ္ဓါဘိသိက်ခံစာတမ်း။

၂။ မန္တလေးရတနာပုံ ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီး ဘိသိက်ခံစာတမ်း။

၃။ ဗဒုံမင်းတရားကြီးလက်ထက် သားတော်ကြီးအား အိမ်ရှေ့နှင်းတမ်း၊ အိမ်ရှေ့အရာရှိစုံ ခန့်၊ အိမ်ရှေ့မိဖုရား နှင့် ရေသွန်းလက်ထပ်၊ အိမ်ရှေ့မိဖုရား နားထွင်း၊ ဆံထုံး ထုံး၊ တဘက်ဝတ်၊ ဒက်ဆင်၊ လက်ဖွဲ့၊ ဘွဲ့ပေး၊ အဆောင်ပေး၊ အရပ်ရပ် အမိန့်တော်စာတမ်း။

၄။ ၄င်းလက်ထက် မိတ္ထိလာမင်းသမီးကို ကွမ်းဦးခွံ့၊ အမည်ပေးမင်္ဂလာပြုတော်မူခြင်းနှင့်မင်းအဆက်ဆက် သား တော်၊ သမီးတော်တို့ကို မင်္ဂလာလက်ဖွဲ့အဆောင်ပေးအမျိုးမျိုး ချီးမြှင့်တော်မူသော အမိန့်တော်တမ်း။

၅။ မင်းအဆက်ဆက် သားတော်ကြီး သမီးတော်ကြီး၊ သားတော်လတ် သမီးတော်လတ်၊ သားတော် သမီး တော်၊ မင်းမျိုးစိုးနွယ်တို့ကို နားထွင်း၊ သျှောင်ထုံးစသော မင်္ဂလာအမျိုးမျိုး ချီးမြှင့်တော်မူသောအခမ်းအနား အစီအစဉ် စာရင်းစု။

၆။ မင်း၊ မိဖုရား၊ အိမ်ရှေ့၊ သားတော်၊ သမီးတော်၊ မှူးတော်မတ်တော်မှစ၍ ပြည်သူရှင်လူအပေါင်း လိုက်နာပြု ကျင့်စီမံဆောင်ရွက်ရာသော အသုဘကိစ္စ လောကသ​င်္ကေတစာတမ်းချုပ်။

၇။ နတ်ပြည်စံတော်မူသော မြန်မာမင်းမြတ်အလောင်းတော်ကို သင်္ဂြိုဟ်တော်မူသော စာတမ်းနှင့်ခမည်းတော် မယ်တော်၊ မိဖုရား၊ အိမ်ရှေ့၊ သားတော်သမီးတော် စသော မင်းဆွေစိုးမျိုး အရာရှိတို့၏အလောင်းတော်များကို စီမံ သင်္ဂြိုဟ်တော်မူသော စာတမ်းစု။
-သာလွန်မင်းတရားကြီးအလောင်းတော်ကို သင်္ဂြိုဟ်တော်မူသည့်စာတမ်း
-မိဖုရားခေါင်ကြီး လွန်တော်မူရာ သင်္ဂြိုဟ်စာတမ်း
-မယ်တော် လွန်တော်မူရာ သင်္ဂြိုဟ်သောစာတမ်း
-အိမ်ရှေ့မင်း လွန်တော်မူရာ သင်္ဂြိုဟ်သောစာတမ်း
-မင်းသား လွန်ရာ သင်္ဂြိုဟ်သောစာတမ်း
-မင်းသမီး လွန်ရာ သင်္ဂြိုဟ်သောစာတမ်း
-သိန္နီဝန် မင်းလှမင်းကျော် ကံကုန်ရာ သင်္ဂြိုဟ်သည့်စာတမ်း

၈။ အလောင်းမင်းတရားကြီး ဇာတာတော် အကြောင်းတော်နှင့်၄င်းမိဖုရား၊ သားတော် သမီးတော်တို့၏ အကြောင်းတော်ချုပ်။

၉။ သားတော် စစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး ဇာတာတော်အကြောင်းတော်နှင့်မိဖုရား၊ သား တော် သမီးတော်အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁ဝ။ ညီတော် ရတနာပူရ တတိယမြို့တည် ဆင်ဖြူရှင်မင်းတရားကြီး ဇာတာတော်အကြောင်းတော်နှင့်မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁၁။ သားတော် ငစဉ့်ကူးမင်း၊ မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁၂။ နောင်တော် ဘောင်းကားမင်း၊ မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁၃။ ဘထွေးတော် အမရပူရ ပထမမြို့တည် မင်းတရားကြီးဇာတာတော်နှင့်မိဖုရား၊ သားတော် သမီးတော် အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁၄။ သားတော် မဟာဥပရာဇာ၊ မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁၅။ သားတော် ရတနာပူရ စတုတ္ထမြို့တည် မင်းတရားကြီး၊ မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏အ ​ကြောင်းတော်ချုပ်။

၁၆။ ညီတော် အမရပူရ ဒုတိယမြို့တည် မင်းတရားကြီး၊ မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏အ​ကြောင်းတော်ချုပ်။

၁၇။ သားတော်အမရပူရ စတုတ္ထနန်းစံ မင်းတရားကြီး၊ မိဖုရား၊ သားတော် သမီးတော်အပေါင်းတို့၏ အကြောင်း တော်ချုပ်။

၁၈။ မန္တလေးရတနာပုံ ပထမမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးနှင့်မိဖုရား၊ သားတော် သမီး တော်အပေါင်းတို့၏အကြောင်းတော်ချုပ်။

၁၉။ ညီတော် အိမ်ရှေ့မင်းကြီးနှင့်မိဖုရား၊ ကိုယ်လုပ်တော်၊ သားတော် သမီးတော်အပေါင်းတို့၏ အကြောင်း တော် ချုပ်။

၂ဝ။ သီပေါမင်းမြတ်နှင့်မိဖုရားခေါင်ကြီး၊ သားတော် သမီးတော်​အပေါင်းတို့၏အကြောင်းတော်ချုပ်။

-မှာတမ်းနှင့်စာပြီးနိဂုံး

-နောက်ဆက်တွဲ

-မင်းခမ်းတော်ပုရပိုက်ဖြူ(ရောင်စုံ)

No comments:

Post a Comment