Tuesday, July 8, 2014

မစ္စတာမောင်မှိုင်း ဆောင်းပါးပေါင်းချုပ်ကြီး


မစ္စ​တာမောင်မှိုင်း ဆောင်းပါးပေါင်းချုပ်ကြီး

ရေးသားသူ-(မစ္စတာမောင်မှိုင်း-သခင်ကိုယ်တော်မှိုင်း)
ထုတ်ဝေသည့်အကြိမ်-တတိယအကြိမ်
ထုတ်ဝေသည့်ခုနှစ်-၁၉၇၅ ခုနှစ်၊ မေလ
အုပ်ရေ-၂ဝဝဝ
စာအုပ်တန်ဖိုး-၇ ကျပ်
စာအုပ်အရွယ်အစား-5"x7"
စာမျက်နှာပေါင်း-၃၂​ဝ

မျက်နှာဖုံး-စကားဝါ
ထုတ်ဝေသူ-ဟာသစာပေတိုက်၊ မောင်အောင်ဆန်း(မြဲ-ဝ၅၅၄)၊ အမှတ် ၁၉၊ ဟုမ်းလမ်းကွက်သစ်၊ ၂ လမ်း၊ ရန်ကုန်။
ပုံနှိပ်သူ-ဝင်းမျိုးပုံနှိပ်တိုက်၊ ဦးစိန်ဝင်း(မြဲ-ဝ၁၃၈၆)၊ အမှတ် ၉၆၊ ၉၅ လမ်း၊ ရန်ကုန်မြို့။ (ဖုံး-၁၈ဝဝ၃)
မိုးဇင်စာပေ အမှတ် ၁၇၄၊ ၃၃ လမ်း၊ ရန်ကုန်မြို့မှ ဖြန့်ချိသည်။

(ဤစာအုပ်တွင် ပါဝင်သောအကြောင်းအရာများ)

မာတိကာ

မင်္ဂလာနိဒါန်း
ပဏာမရှိခိုးဆုတောင်း
၁-မဟာဒဏ်နှင့်ကိုတင်ကြူးကို အထူးဆုံးမသော ဩဝါဒဆောင်းပါး
၂-မောင်သန်းဖေ၏အမေးဆောင်းပါး
၃-သန်းဖေ၏ပုစ္ဆာကို ပစ္စတာဦးမှိုင်း ဖြေဆိုသည့်အကြောင်းဆောင်းပါး
၄-​မျှော်ဆဲဗျာ၏ပုစ္ဆာဆောင်းပါး
၅-မစ္စတာမောင်မှိုင်း၏ဝိသဇ္ဇနာဆောင်းပါး
၆-မောင်စပ်ကြား၏ဆောင်းပါးစာ
၇-ပြည်ခွင်က တင်တင် ဆောင်းပါး
၈-ဗုဒ္ဓဘာသာမည်ခြင်းအကြောင်းကို ဆောင်းပါးနှင့်မေးခြင်း
၉-အဂ္ဂိရတ်အမေးဆောင်းပါး
၁ဝ-ကောက်စိုက်မသီချင်းအမေး
၁၁-မစ္စတာမောင်မှိုင်း တောင်ငူမြို့က ရေးပေးလိုက်သော ဆောင်းပါး
၁၂-စောမြခင်လေးရဲ့အမေးဆောင်းပါး
၁၃-ဆင်ဆင်၏အမေးဆောင်းပါး
၁၄-မသိန်းမြင့်၏မာရ်နတ်ဆောင်းပါးကို ရန်ကုန်သူ မယ်တင့် ဖြေကြားချက်
၁၅-မသိန်းမြင့်နှင့်မယ်တင့်ကို သင့်တင့်စွာ နေထိုင်ဖို့ရာ မစ္စတာမောင်မှိုင်းက​ ဝန်းဝိုင်းကူညီ၍ ရေးခြင်း
၁၆-ရန်ကုန်သူမယ်တင့်က ရှင့်မာရ်နတ်အဖြေ အပြစ်ပါသည်ဟုမစ္စတာမောင်မှိုင်းထံ ပြန်ကြားချက်
၁၇-တင်တင်က မစ္စတာမောင်မှိုင်းကို ထပ်မံ၍ သတိပေးချက်
၁၈-ရန်ကုန်သူမယ်တင့်က အခွင့်နှင့်အပြစ်ရှာ၍ မစ္စတာမောင်မှိုင်းထံ တဖန်အကြောင်းကြားသည့်မာရ်နတ်​ ဆောင်းပါး
၁၉-စလင်းမြို့သူ မသိန်းမြင့်ကလေးက တဖန် ထပ်လိုက်သောမာရ်ဆောင်းပါး
၂ဝ-မြို့အုပ်ရုံးစာရေး မောင်နက်က နောင်ဆက်ခါ တကိန်းဖွင့်မည်ဟုမသိန်းမြင့်ကို အကြောင်းကြားချက်
၂၁-မစ္စတာမောင်မှိုင်းသည် မဆိုင်းသာမပယ်သင့်သဖြင့် မယ်တင့်နှင့်တင်တင်ကို ယင့်ယင်နှင့်ဆုံးမခဏ်း
၂၂-ဦးမေတ္တာဆိုသူက အပြစ်ရှာပြီး မစ္စတာမောင်မှိုင်း ရှင်းစရာဘို့ အတွင်းစာပေးခြင်း
၂၃-မစ္စတာမောင်မှိုင်းက အထူးချစ်ပါသဖြင့် ဦးမေတ္တာအရင်းသဟာတို့ အတွင်းစာပြန်ခြင်း
၂၄-မစ္စတာမောင်မှိုင်းက နောင်သမိုင်းအထူးဖြစ်စရာသို့ ဦးမေတ္တာ ကဝိန်တယောက်အား ၂ ကြိမ်မြောက်ပေးစာ
၂၅-မစ္စတာမောင်မှိုင်းက သာတဂိုဏ်းအထူးသစ်စွာနှင့်ဦးမေတ္တာဘတ်ကြည့်ရအောင် တတိယပေးခြင်း
၂၆-မယ်တင့်က ပြန်မရေးသဖြင့် တွေးမိတိုင်း စိတ်နာခြင်းအကြောင်း
၂၇-မစ္စတာမောင်မှိုင်းသည် ဇင်းကျိုင်းတောင်မှ အဂ္ဂိရတ်ထိုးရင်း ရေးလိုက်သောဆောင်းပါး
၂၈-မစ္စတာမောင်မှိုင်းက နိုင်ငံခြားသာသနာပြုအသင်းကြီးကို ကောင်းချီးမင်္ဂလာဩဘာပြုခြင်း
၂၉-အညာကျေးတောက ပေးလိုက်သော သဝဏ်လွှာအကြောင်း
၃ဝ-မော်လမြိုင်မြို့ တောင်ဝိုင်းက မစ္စတာမောင်မှိုင်း ပို့လိုက်သော ဆောင်းပါး
၃၁-မစ္စတာမောင်မှိုင်း တောင်ဝိုင်းက ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခြင်းအကြောင်း
၃၂-လက်မှုပညာဋီကာစာအုပ်နှင့်စပ်လျဉ်း၍ ရေးသားချက်
၃၃-မစ္စတာမောင်မှိုင်းက လက်မှုပညာဋီကာစာအုပ်ကို ထောက်ခံခြင်းနှင့်ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခြင်း အကြောင်း
၃၄-အညာလက်ဆောင် ဆောင်းပါးကြီး
၃၅-မြန်မာစစ်သားများနှင့်မစ္စတာမောင်မှိုင်း
၃၆-မြန်မာမိန်းကလေးများအား မစ္စတာမောင်မှိုင်းက အားပေးပုံ
၃၇-ဒေါင်းဋီကာသစ်အကြောင်း ဆောင်းပါး
၃၈-ဦးထွန်းရှိန်အကြောင်း ဆောင်းပါး
၃၉-ငါးဆူဒါယကာ၏အမှားပုံ ဆောင်းပါး
၄ဝ-ယာအတွင်း၌ ဝါခင်းတရား ဟောတော်မူခြင်းအကြောင်း
၄၁-ဝှိုက်ကော်မတီအကြောင်း ဆောင်းပါး

No comments:

Post a Comment