Sunday, July 13, 2014

ကန္နီမြို့ စစ်ကဲမင်းထင်ရာဇာ၏မန္တလေးရတနာပုံမဟာရာဇဝင်တော်ကြီး



 

ကန္နီမြို့ စစ်ကဲမင်းထင်ရာဇာ၏မန္တလေးရတနာပုံမဟာရာဇဝင်တော်ကြီး

ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)တည်းဖြတ်သည်။
ထုတ်ဝေသည့်အကြိမ်-
ပထမအကြိမ်၊ ၁၈၉၂ (မန္တလေးတိုင်းသတင်းစာပုံနှိပ်တိုက်)
ဒုတိယအကြိမ်၊ ဖေဖေါ်ဝါရီ ၁၉၆၉ (​တက်နေလင်းပုံနှိပ်တိုက်)
တတိယအကြိမ်၊ ဧပြီ ၂ဝဝ၉ (လမ်းသစ်စာအုပ်တိုက်)
အုပ်ရေ-၅ဝဝ
စာအုပ်တန်ဖိုး-၅ဝဝဝ ကျပ်
စာအုပ်အရွယ်အစား-5"x8"
စာမျက်နှာပေါင်း-၂၈ဝ

မျက်နှာဖုံးသရုပ်ဖော်ပုံ-ဇော်ဝိတ်
မျက်နှာဖုံးဒီဇိုင်း-ကျော်မင်းမောင်
မျက်နှာဖုံးနှင့်အတွင်းပုံနှိပ်သူ-ဦးဇော်မြင့်ဝင်း(ကာလာဇုံ အော့ဖ်ဆက်)
၁၈၄၊ ၃၁ လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ထုတ်ဝေသူ-ဒေါ်ဝိုင်းသဇင်ဌေးလှိုင်(အောင်ပိုင်မင်းစာပေ)
၂၂၂၊ စက်ရုံလမ်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။
စာအုပ်ချုပ်-ကိုမြင့်၊ ညီဝင်းမြင့်
အတွင်းဖလင်-ပုံရိပ်ရှင်
ကွန်ပျူတာစာစီ-ကိုနေလင်း

(ဤစာအုပ်တွင် ပါဝင်သောအကြောင်းအရာများ)

မာတိကာ

-စီစဉ်သူ၏အမှာ
၁။ ပါမောက္ခဒေါက်တာသန်းထွန်း၏အမှာ
၂။ ဦးမောင်မောင်တင်၏အမှာ
၃။ နိဒါန်း
၄။ ပဏာမ
၅။ ရေမြေ့ရှင်မင်းတို့၏အဦးအစဖြစ်သော မဟာသမ္မတမင်းကို ဆိုရာဖြစ်သောအကြောင်း
၆။ ဤရာဇဝင်ကျမ်း၌ ရာဇမည်ခြင်းကို ဆိုရာဖြစ်သော​အကြောင်း
၇။ မိဖုရားခေါင်ကြီးနှင့်တကွ မိဖုရားမည်ခြင်းတို့ကို ဆိုရာဖြစ်သောအကြောင်း
၈။ ညီတော်၊ သားတော် အိမ်ရှေ့မင်းမည်ခြင်းတို့ကို ဆိုရာဖြစ်သောအကြောင်း
၉။ မြို့ရွာနိဂုံးကွဲပြားခြင်းနှင့်မင်းတို့ကျင့်ရာသောတရားတို့ကို ဆိုရာဖြစ်သောအကြောင်း
၁ဝ။ မိဖုရားခေါင်ကြီးမှစ၍ မင်းမိဖုရားတို့ကျင့်ရာသော မဟေသီဓမ္မတို့အကြောင်း
၁၁။ အိမ်ရှေ့မင်းအမှူးရှိသော မင်းညီမင်းသားတို့ ကျင့်ရာသော တရားများအကြောင်း
၁၂။ မှူးမတ် မင်းချင်း မင်းခစား ယောက်ျားတို့ကျင့်ဆောင်ရန် ဝတ္တရားများအကြောင်း
၁၃။ မန္တလေးရတနာပုံ ပထမမြို့တည်နန်းတည် မင်းတရားကြီးဘုရား ရွှေထီးရွှေနန်း စိုးစံတော်မူသည့် အကြောင်း
၁၄။ ဘဝရှင်မင်းတရားကြီးဘုရား မိဖုရားခေါင်ကြီးနှင့်တကွ မိဖုရားတို့ကို နန်းတင်တော်မူသည့်အကြောင်း
၁၅။ နောင်တော်ပုဂံမင်းနှင့် သာသနာပြုဆရာတော်ဘုရားကြီး ညီတော်အိမ်ရှေ့မင်းတို့ကို ချီးမြှောက်တော်မူ သည့်အကြောင်း
၁၆။ ရတနာသိင်္ဃမြို့ မဟာနန္ဒာကန်တော်အကြောင်း
၁၇။ ဘဝရှင်မင်းတရားကြီး ရတနာသိင်္ဃမြို့က အမရပူရမြို့သို့ ထွက်တော်မူသည့်အကြောင်း
၁၈။ ဘဝရှင်မင်းကြီးနှင့်အတူ ဥကင်တော်ဖွင့်တော်မူသည့်အကြောင်း
၁၉။ သားတော် မလွန်မင်းသား၊ ပတိမ်းမင်းသား၊ သုံးဆယ်မင်းသား၊ မြင်ကွန်းမင်းသားတို့ကို နားထွင်း သျှောင်ထုံးမင်္ဂလာဆောင်တော်မူသည့်အကြောင်း
၂ဝ။ အင်္ဂလိပ်ဝန်ကြီး ဖယ်ရာနှင့်စော်ဘွားမြို့စားတို့အဆက်အသ ရောက်သည့်အကြောင်း
၂၁။ အရပ်ရပ်အလှူတော်များကို လှူတော်မူသည့်အကြောင်း
၂၂။ ပြင်သစ်တိုင်းပြည်သို့ ရာဇသံစေလွှတ်တော်မူသည့်အကြောင်း
၂၃။ မြတ်စွာဘုရား ဟောကြားတော်မူသော ပိဋကတ်သုံးပုံကို ပေထက်အက္ခရာ တင်​တော်မူသည့်အကြောင်း
၂၄။ မဇ္ဈိမတိုက်မှ ဆောင်ယူဆက်သသည့်ပုလဲမျိုးဖြစ်ရာ လက်ယာရစ် ခရုသင်းတော်အကြောင်း
၂၅။ အင်္ဂလိပ်လူမျိုးတို့ လက်ဆောင်တော် ဆက်သသည့်အကြောင်း
၂၆။ မိတ္ထိလာကန်တော်နှင့်မဟာနန္ဒာကန်တော်များကို ထပ်မံဆည်ဖို့တော်မူသည့်အကြောင်း
၂၇။ မန္တလေးရတနာပုံရွှေမြို့တော်ကြီးကို ပထမတည်ထောင်စံနေတော်မူသည့်အကြောင်း
၂၈။ ရန်ကင်းတောင် ငါးရံ့မင်းအကြောင်း
၂၉။ မန္တလေးတောင်တွင် မြတ်စွာဘုရား၏အကြောင်း
၃ဝ။ ဘဝရှင်မင်းတရားကြီးနှင့်မိဖုရားခေါင်ကြီးတို့ ဘိသိက်မင်္ဂလာခံတော်မူခြင်းအကြောင်း
၃၁။ ပလ္လင်ကိုးခန်းတို့ကို ဆိုရာဖြစ်သောအကြောင်း
၃၂။ မင်းတို့ဆောင်းအပ်သော ထီးဖြူတို့၏အကြောင်း
၃၃။ ထီးဖြူငါးပါး၊ စည်သုံးပါး၊ စည်းမျိုးတစ်ဆယ့်နှစ်ပါး၊ ကြေးသံဆယ်ပါး၊ တံပိုးမျိုးရှစ်ပါးများအကြောင်း
၃၄။ မင်းဧကရာဇ်မှစ၍ မင်းညီမင်းသား၊ အမတ်ပုဏ္ဏားတို့မှာ ဆင်ယင်ရာသော စလွယ်များအကြောင်း
၃၅။ မင်းမိဖုရားတို့ ခါးကြိုးပုလဲသွယ်တို့ကို ဆိုရာဖြစ်သောအကြောင်း
၃၆။ မင်း၏အခမ်းအနားဖြစ်သော ရထားတို့ကို ဆိုရာဖြစ်သောအကြောင်း
၃၇။ ရှေးမဟာသမ္မတမင်းမှစ၍ အစဉ်ထုံးစံရှိသည့်အတိုင်း သဿမေဓ အခွန်တော်ငွေ ကောက်ခံဆက်သွင်းရ သည့်အကြောင်း
၃၈။ နိဗ္ဗာနပစ္စယ နာဂရာဇာ ဆဒ္ဒန်ဆင်မင်းကြီး ကံငြိမ်းရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၃၉။ မန္တလေးရတနာပုံရွှေမြို့တော်သို့ ပြောင်းရွှေ့စံနေတော်မူသည့်အကြောင်း
၄ဝ။ ရှေးဘေးလောင်းတော် ဘိုးလောင်းတော်တို့ နန်းသိမ်းစာတမ်း ထွက်ရှိသည့်အတိုင်း ရွှေမြို့တော်သိမ်း ထွက် တော်မူသည့်အကြောင်း
၄၁။ သောင်သွပ်စော်ဘွားက ရတနာဆင်ဖြူအဆက်အသ ရောက်သည့်အကြောင်း
၄၂။ သားတော် မလွန်မင်းသားနှင့်ဆားလင်းကြီးမင်းသမီးတို့ လက်ထပ်မင်္ဂလာအခန်း
၄၃။ သီဟိုဠ်ကျွန်း စွယ်တော်မြတ်နှင့်ဗောဓိဒက္ခိဏသာခါ ဗောဓိပင်တော်များကို ရဟန်းတော်တို့ ပင့်ဆောင်ခဲ့ သည့်အကြောင်း
၄၄။ မိုးနဲစော်ဘွားက ရတနာဆင်ဖြူတော်မ ​ဆက်သသည့်​အကြောင်း
၄၅။ အင်္ဂလိပ်အရေးပိုင် ဖယ်ရာနှင့်ဝန်ထောက်ဗြောင်းအရာရှိတို့ အဖူးအမြော် လာရောက်သည့်အကြောင်း
၄၆။ ညီတော်အိမ်ရှေ့မင်း သမီးတော်၊ စမ္ပယ်နဂိုရ်မင်းသမီး တောင်ညိုမင်းသမီးတို့နှင့်အိမ်ရှေ့မင်း သားတော် တို့ကို နားထွင်းသျှောင်ထုံးမင်္ဂလာ ပြုလုပ်တော်မူသည့်အကြောင်း
၄၇။ သားတော် သုံးဆယ်မင်းသားနှင့်ရန်အောင်မြင်မင်းသမီးတို့ လက်ထပ်မင်္ဂလာ ပြုတော်မူသည့်အကြောင်း
၄၈။ ကုသိုလ်တော် မဟာလောကမာရဇိန်ဘုရား ရွှေထီးအတွက် တင်လှူတော်မူသည့်အကြောင်း
၄၉။ စံကျောင်းဆရာတော် ဦးစန္ဒိမာ ပျံလွန်တော်မူရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၅ဝ။ ရတနာနဒီမြောင်းတော်သို့ ထွက်တော်မူသည့်အကြောင်း
၅၁။ သားတော် သုံးဆယ်မင်းသား တောင်ငူမြို့သို့ ထွက်သွားသည့်အကြောင်း
၅၂။ သားတော် မက္ခရာမင်းသားနှင့်ပင်းမင်းသမီးတို့ လက်ထပ်မင်္ဂလာ ပြုလုပ်တော်မူသည့်အကြောင်း
၅၃။ အိမ်ရှေ့မင်းသားတော် ပတိမ်းမင်းသားနှင့်ကန္နီမင်းသမီးတို့ လက်ထပ်မင်္ဂလာ ပြုတော်မူသည့်အကြောင်း
၅၄။ ကျောက်တော်ကြီးကို ပင့်ဆောင်တော်မူသည့်အကြောင်း
၅၅။ မန္တလေးတောင် ပိဋကတ်တိုက်တော်၏အကြောင်း
၅၆။ ဒင်္ဂါးစက်ရုံတည်တော်မူ၍ ဒင်္ဂါးစပ်လုပ်တော်မူသည့်အကြောင်း
၅၇။ သမီးတော် စလင်းမင်းသမီးကို နားထွင်းမင်္ဂလာ ပြုလုပ်တော်မူသည့်အကြောင်း
၅၈။ မဏိပူရမြို့က လက်ဆောင်တော် အဆက်အသ ရောက်သည့်အကြောင်း
၅၉။ နန်းမြေဘုံသာ စံကျောင်းတော်သို့ ​ဘဝရှင်မင်းတရားကြီး ထွက်တော်မူသည့်အကြောင်း
၆ဝ။ ညီတော် အိမ်ရှေ့မင်း နတ်ပြည်စံတော်မူသည့်အကြောင်း
၆၁။ ဂန္ဓာလရာဇ်တိုင်းက တရုတ်သံတို့ လက်ဆောင်တော် အဆက်အသ ရောက်သည့်အကြောင်း
၆၂။ အင်္ဂလိပ်မင်းတို့က ရာဇသံလက်ဆောင်တော် အဆက်အသ ရောက်သည့်အကြောင်း
၆၃။ စကျင်တောင်က ပတ္တမြားကျောက်တော်ကို တူးဖော်ရရှိ၍ ဆက်သသည့်အကြောင်း
၆၄။ သားတော်မြင်ကွန်းမင်းသား ကရင်အရပ်သို့ ဆိုက်ရောက်ကြောင်း
၆၅။ အလယ်နန်းတော် မိဖုရားတွင် မြင်သော သမီးတော် စုဖုရားကြီး စုဖုရားလတ်တို့ကို နားထွင်းမင်္ဂလာ ပြုလုပ်တော်မူသည့်အကြောင်း
၆၆။ သားတော်မြင်ကွန်းမင်းသား ကြေးမြင့်တိုင်မြို့သို့ ဆိုက်ရောက်ရှိသည့်အကြောင်း
၆၇။ မြတ်စွာဘုရား ဟောတော်မူသည့် ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာ တင်တော်မူသည့်အကြောင်း
၆၈။ မောင်းထောင်ဆရာတော် ပြန်လွန်​ရာ မိဖုရားခေါင်ကြီးဘုရား ထွက်တော်မူသည့်အကြောင်း
၆၉။ သံဝစ္ဆရ အလှူတော်ကို လှူတော်မူသည့်အကြောင်း
၇ဝ။ မယ်တော်ဘုရားကြီး နတ်ပြည်စံတော်မူရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၇၁။ ဘဝရှင်မင်းတရားကြီး ပဉ္စမသင်္ဂါယနာတင်တော်မူသည့်အကြောင်း
၇၂။ မြောက်နန်းတော်မိဖုရား နတ်ပြည်စံတော်မူရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၇၃။ ဘဝရှင်မင်းတရားကြီးထံ နဂါးကျွန်တော်မျိုး ခံလို၍ တမန်စေလွှတ်သည့်အကြောင်း
၇၄။ ရတနာပုံရွှေမြို့တော်ကို ထပ်မံသိမ်းတော်မူသည့်အကြောင်း
၇၅။ သားတော်သီပေါမင်းသားကို သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှောက်တော်မူသည့်အကြောင်း
၇၆။ အလယ်နန်းတော် မိဖုရားတွင် မြင်သည့် သမီးတော် စုဖုရားသီရိသုသိင်္ဂါရတနာဒေဝီကို နားထွင်းမင်္ဂလာ ပြုလုပ်တော်မူသည့်အကြောင်း
၇၇။ အရှင်နန်းမတော်မိဖုရားခေါင်ကြီး နတ်ပြည်စံတော်မူရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၇၈။ အလယ်နန်းတော်မိဖုရားကို ရတနာဆင်ဖြူတော်မ သနားတော်မူသည့်အကြောင်း
၇၉။ မဟာအတုလဝေယန်ကျောင်းတော်ကြီး ပြီးပြေရှိ၍ ထွက်တော်မူသည့်အကြောင်း
၈ဝ။ ဘဝရှင်မင်းတရားကြီး နတ်ပြည်စံတော်မူသည့်အကြောင်း
၈၁။ သားတော်မာရ်အောင်ရတနာစေတီတော် ဒါယကာ ဘဝရှင်မင်းတရားကြီး ရွှေထီးရွှေနန်း စိုးစံတော်မူ သည့်အကြောင်း
၈၂။ ခမည်းတော် မင်းတရားကြီး၏သားတော်များကို သုတ်သင်စီရင်ခြင်းအကြောင်း
၈၃။ ဘကြီးတော် ပုဂံမင်း ကံတော်ကုန်ရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၈၄။ သီရိပဝေသနာ ဘိသေက ဘိသိက်သွန်းခံတော်မူခြင်းအကြောင်း
၈၅။ မာရ်အောင်ရတနာစေတီတော် တည်တော်မူသည့်အကြောင်း
၈၆။ အင်္ဂလိပ်မင်းတို့ထံ ရာဇသံစေလွှတ်တော်မူသည့်အကြောင်း
၈၇။ ရာဇဘိသေကဗုဒ္ဓါဘိသိက်ကို သွန်းခံတော်မူခြင်းအကြောင်း
၈၈။ မယ်တော်ဘုရား နတ်ပြည်စံတော်မူရာ သင်္ဂြိုဟ်တော်မူသည့်အကြောင်း
၈၉။ စင်မလာမြို့ရောက် ရာဇသံစေလွှတ်တော်မူသည့်အကြောင်း
၉ဝ။ နှမတော် အင်တောက်သာ မင်းသမီးကို နားထွင်းမင်္ဂလာ ပြုလုပ်တော်မူသည့်အကြောင်း
၉၁။ သမီးတော် ထိပ်စုမြတ်ဘုရားကြီးကို မြပုခက်တင်တော်မူသည့်အကြောင်း
၉၂။ မင်းကင်းမင်းသမီးကို ရာဇဝတ်အပြစ်ပေးတော်မူသည့်အကြောင်း
၉၃။ ပြင်သစ်နိုင်ငံသို့ ရာဇသံစေလွှတ်သည့်အကြောင်း
၉၄။ အရှင်နန်းမတော်ဘုရား နံတော်သင့် သေလာမုနိမဟာမာရဇိဘုရား တည်တော်မူသည့်အကြောင်း
၉၅။ အရှင်နှစ်ပါး စစ်ကိုင်းမင်းဝံတောင်တော်သို့ ထွက်တော်မူသည့်အကြောင်း
၉၆။ မှူးတော် မတ်တော်တို့ကို အသီးအသီး အရေးလွှဲအပ်တော်မူခြင်းအကြောင်း
၉၇။ သမီးတော် ထိပ်စုမြတ်ဘုရားနှစ်ပါး ကျောက်ရောဂါနှင့်လွန်တော်မူ၍ သင်္ဂြိုဟ်တော်မူခြင်းအကြောင်း
၉၈။ မဟာမုနိဘုရားကြီးကို မီးသင့်လောင်ပါသွားသည့်​အကြောင်း
၉၉။ ဘဝရှင်မင်းတရားကြီး လွှတ်တော်သိမ်းထွက်တော်မူသည့်အကြောင်း
၁ဝဝ။ ဗြဲတိုက်တော်သိမ်း ထွက်တော်မူသည့်အကြောင်း
၁ဝ၁။ မဟာမုနိဘုရားကြီးသို့ အရှင်နှစ်ပါး ထွက်တော်မူသည့်အကြောင်း
၁ဝ၂။ မန္တလေးတောင် အရှေ့ဘက်တွင် ကျောင်းတော် ဆောက်လုပ်၍ ကိုး​ကွယ်တော်မူခြင်းအကြောင်း
၁ဝ၃။ တံဆိပ်တော်ရ ဆရာတော်တို့အား တံဆိပ်လှူတော်မူသည့်အကြောင်း
၁ဝ၄။ နန်းမြင့်ပြာသာဒ်တော်ကို စီရင်ဖန်ဆင်းတော်မူသည့်အကြောင်း
၁ဝ၅။ မဟာသကျသီဟဘုရား ရုပ်ပွားတော်မြတ်ကို ပင့်ဆောင်တော်မူသည့်အကြောင်း
၁ဝ၆။ တစ်ဆယ့်နှစ်ရာသီ မင်းပွဲသဘင် အခမ်းအနားတို့ကို ဆိုရာဖြစ်သောအကြောင်း
၁ဝ၇။ တောင်ငူမြို့မှ ရတနာဆင်ဖြူတော် အဆက်အသ ရောက်သည့်အကြောင်း
၁ဝ၈။ ပြင်သစ်အရေးပိုင် ကောင်စစ် ရာဇသံလက်ဆောင်တော်များနှင့်ဆိုက်ရောက်သည့်အကြောင်း
၁ဝ၉။ အတွင်းဝန်၊ လှေသင်းဝန် စလေမြို့စား သူခိုးဓားပြတို့ကို သိမ်းပိုက်သည့်အကြောင်း
၁၁ဝ။ ဝါကျွတ်ကန်တော့ခံတော်မူရာ မင်းခမ်းတော်များကို ခင်းကျင်းရသည့်အကြောင်း
၁၁၁။ ကုသိုလ်တော်ပွား လှူဒါန်းတော်မူသည့်အကြောင်း
၁၁၂။ အရှင်နှစ်ပါး အိန္ဒိယနိုင်ငံသို့ ပါသွားတော်မူသည့်အကြောင်း
၁၁၃။ မန္တလေးရတနာပုံ မဟာရာဇဝင်တော်ကြီး အပြီးသတ်သည့်အကြောင်း

No comments:

Post a Comment